ဗဟုသုတ

"ဆန္ဒပြကာ ကိုယ့်ကိုကိုယ်မီးရှို့ တဲ့ ဘုန်းကြီး"
©©©©©©©©©©©©©©©©©©©©

ရိုမန်ကက်ကလစ်ဘာသာဝင် တောင်ဗီယက်နမ် သမ္မတ Ngô Đình Diệm အစိုးရရဲ့ ဗုဒ္ဓဘာသာ အပေါ်ဖိနှိပ်မူများကို ဆန့် ကျင်ကန့် ကွက်တဲ့ အနေနဲ့ ဗီယက်နမ်ဆရာတော် Thích Quảng Đức ဟာ ဆိုင်ဂုံမြို့ လယ်ခေါင်မှာ ၁၉၆၃ခုနှစ် ဇွန်လ ၁၁ ရက်နေ့ မနက်ခင်းမှာ သူ့ ကိုယ်သူဓါတ်ဆီလောင်း မီးရှို့ ဆန္ဒပြနေတဲ့ ဗီဒီယိုဖိုင်ပါ။ အမေရိကန် ဓါတ်ပုံသတင်းထောက် Malcolm Browne က အမိအရ ရိုက်ယူခဲ့ တယ် ။ ၁၉၆၃ခုနှစ်၇ဲ့  တနှစ်တာ ကမ္ဘာ့အကောင်းဆုံးဓါတ်ပုံဆုရှိခဲ့ ပြီးသတင်းလောကမှာသြဇာအကြီးဆုံး ပူလစ်ဇာဆုပါ ချီးမြှင့် ခံခဲ့ ရပါတယ်။ အမေရိကန် သမတ ဂျွန်ကနေဒီက ဒါထက်ပိုပြီး အံ့အားသင့်စရာ ကမ္ဘာသမိုင်းမှာ တခါမှ မရှိဘူးလို့ ပြောပါတယ်။

The New York Times သတင်းထောက် David Halberstam က George Polk ဆုကို ရရှိပါတယ်။ သူ့ မျက်မြင်ကို " As he burned he never moved a muscle, never uttered a sound လောင်ကျွမ်းနေချိန်မှာ ကြွက်သားလေးတခုတောင် မရွေ့လျား၊ အသံလေးတချက်တောင် မညည်းတွား " လို့ ရေးသားခဲ့ပါတယ်။

လေ့ လာမိတဲ့ ဗဟုသုတလေးကိုမိတ်ဆွေတွေအတွက်ဝေမျှလိုက်တာပါ။

ဆရာတော်ခန္ဓာကိုယ်ကို ဈာပနမှာ ထပ်မံ မီးသဂြိုလ်ခဲ့ပါတယ်၊ ထူးခြားမှုက သူ့နှလုံးဟာ လုံးဝ မပျက်စီးပဲ မီးမလောင်ပဲ ကျန်ခဲ့တာပါ။ ဗီယက်နမ်များက အလွန်လေးစားကြည်ညိုတယ်။ သူ့ကို ဗောဓိသတ္တလို့ မှတ်ယူကြတယ်။ ဩဂတ်လ ၂၁ မှာ တောင်ဗီယက်နမ် လျှို့ဝှက်ရဲတွေဟာ Xá Lợi ဘုရားကျောင်းကို ဝင်ရောက်စီးနင်းပြီး ပြာ နဲ့ နှလုံးကို လုယူဖို့ပါ။ အထူးရဲတွေဟာ စက်သေနတ်၊ ကာဘိုင်၊ သေနတ်တို၊ လက်ပစ်ဗုံး၊ မျက်ရည်ယိုဗုံးတွေ နဲ့ တိုက်ခိုက်ပါတယ်။ ဘုန်းကြီးတွေနဲ့ သီလရှင်တွေက ဒုတ် ဓားတွေနဲ့ ခုခံပါတယ်။ ဘုန်းကြီး၂ပါးက ပြာ နဲ့ နှလုံးကို ယူပြီး အနောက်ဘက် ခြံစည်းရိုးကို ကျော်ဖြတ် လွတ်မြောက်သွားတယ်။ နောက်တော့ အမေရိကန်အကူအညီမစ်ရှင်မှာ နိုင်ငံရေးခိုလှုံခဲ့တယ်။ ။

ည ၆ နာရီမှာ ဆိုင်ဂုံရေဒီယိုမှ'တဆင့် တောင်ဗီယက်နမ် သမ္မတ Ngô Đình Diệm က " ကွန်မြူနစ်ဝါဒ ကျဆုံးရမယ်၊ လွတ်လပ်ရေး ခိုင်မာရမယ်၊ ဒီမိုကရေစီ ရရှိရမယ်၊ ဒါကြောင့် တနိုင်ငံလုံးကို ငြိမ်ဝပ်ပိပြားရေး၊ တရားဥပဒေစိုးမိုးရေးအတွက် အခြေခံဥပဒေ ပုဒ်မ ၄၄ အရ အရေးပေါ်အခြေအနေအဖြစ် ကျွန်ုပ် သတ်မှတ်တယ်"လို့ ကြေညာပြီး စစ်တပ်ကို မသင်္ကာသူမှန်သမျှ ရှာဖွေဖမ်းဆီးဖို့ အမိန့်ပေးလိုက်ပါတယ်။ တညထဲမှာပဲ ကာနယ် Lê Quang Tung က ARVN (Army of the Republic of Vietnam) စစ်တပ် ကို အမိန့်ပေးပြီး တနိုင်ငံလုံးက ဘုန်းကြီးကျောင်းတွေကို ဝင်ရောက်စီးနင်းပါတယ်။ ဘုန်းကြီး တစ်ထောင့်လေးရာကျော် အဖမ်းခံရပြီး တရာကျော် ပျံလွန်ပါတယ်။

၁၉၆၃ နိုဝင်ဘာမှာ တောင်ဗီယက်နမ် သမ္မတ Ngô Đình Diệm လုပ်ကြံခံရပါတယ်။ နောက်ပိုင်းမှာတော့ ARVN (Army of the Republic of Vietnam) စစ်တပ်ဟာ ကွန်မြူနစ် မြောက်ဗီယက်နမ်ရဲ့ People's Army of Vietnam (PAVN)တပ်တွေကို ရှုံးနှိမ့်ပြီး ARVN စစ်ဗိုလ်များဟာ ပြန်လည်သင်ကြားရေး အကျဉ်းစခန်းတွေကို အပို့ခံရပါတယ်။၁၉၇၆ ဂျူလိုင် ၂ မှာ မြောက်ဗီယက်နမ်က တောင်ဗီယက်နမ်ကို သိမ်းပိုက်ပေါင်းစည်းပြီး ယနေ့ ဆိုရှယ်လစ်သမ္မတဗီယက်နမ်နိုင်ငံကို တည်ထောင်လိုက်ပါတယ်။ ဗီယက်နမ်အစိုးရက ဆရာတော်ရဲ့ ရုပ်တုကို မီးရှို့တဲ့ လမ်းဆုံမှာ ထုလုပ်ဂုဏ်ပြုထားပါတယ်။

ဆရာတော် Đức နောက်ပိုင်းမှာ အောက်တိုဘာ ၁၉၆၃ အထိ ဘုန်းကြီး ၅ ပါး ကိုယ့်ကိုကိုယ်မီးရှို့ဆန္ဒပြပါတယ်။ အမေရိကန်က ဗီယက်နမ်စစ်ပွဲမှာ ပါဝင်တာကို ဆန့်ကျင်တဲ့ အမေရိကန်နိုင်ငံသား ၅ ယောက်ဟာလဲ ဆရာတော် Đức ပုံစံအတိုင်း မီးရှို့ဆန္ဒပြပါတယ်။

(၁) Norman Morrison, ,2 November 1965.
(၂) Alice Herz, an 82-year-old woman, 1965.
(၃) Roger Allen LaPorte, 9 November 1965.
(၄) Florence Beaumont, 15 October 1967.
(၅) George Winne, Jr., a student, 10 May 1970.

Credit

H2
H3
H4
3 columns
2 columns
1 column
4 Comments