မောင် ……

ရှင်နဲ့ပတ်သက်လာသမျှ
အမှားတခုခုတွေ့လို့
အပြစ်မတင်ရက်ခဲ့သူဟာ
ကျမပါလို့  ဆိုရင်
ယုံလိုက်ပါတော့ မောင် ……

ရှင်နဲ့ပတ်သက်သူအားလုံး
ဘယ်သူဘယ်ဝါမခွဲခြားလို့ 
ပြုံးရီပြခဲ့သူဟာ
ကျမပါလို့  ဆိုရင်
ယုံလိုက်ပါတော့ မောင် ……

ရှင်နဲ့ရှေ့ဆက် နောက်ထပ်ပတ်သက်သမျှတို့ အားလုံး
ဘယ်ချိန် ဘယ်ခါ ဘယ်နေရာမရွေးဘူး
မငြီးမငြူ အတူရှိနေမယ့်သူဟာ
ကျမပါလို့  ဆိုရင်
ယုံလိုက်ပါတော့ မောင် ……

IMG_20171116_080349.jpg

@thetlyar ( စိတ်ကူးယဉ်ရေးဖွဲ့ခြင်း )
MSC 027

H2
H3
H4
3 columns
2 columns
1 column
8 Comments