ပုံမှန်စုဆောင်း သူဌေးလောင်း

တစုံတရာ အလိုမကျတာပါလာခဲ့ရင် ညည်းတွားလေ့ရှိတဲ့ ကျမညီမလေးအပါအဝင် တခြားသူငယ်ချင်းများကို အားပေးနှစ်သိမ့်ချင်ပါတယ် ။ အိမ်မှာတော့ steem ဈေးအတက်အကျကြောင့် ဗြောင်းဆန်နေတဲ့သူ တယောက်ရှိနေလို့ ပါ ။

Steemit လုပ်နေတာနဲ့ပတ်သက်ပြီး ကျမရုံးနားတဲ့၂ရက်ကလေးမှာကို ညီမလေးဆီက အသံပေါင်းစုံနဲ့ ညည်းတွားနေတာ အစုံကိုကြားခဲ့ရတာ ။

ဟင် ! စိတ်ညစ်ပါတယ်အေ 1sbd boost လုပ်တာ အရင်းမရဘူးအေ
ဒီကြားထဲ sp ပြန်ပေးတာနဲနဲလေး
ဟာ ! sbd ဈေးတွေက ကျကုန်ပြီ ကုန်ပါပြီ အဲ့ဒါတွေစုထားတာဒီက
ဟယ် ! သူများတွေ 1 နဲ့ boost တာ 3 ရတာတော့ မြတ်နေတာ လုပ်ကြည့်အုံးမယ် နဲ့ ညီမလေးရဲ့ အမျိုးစုံတဲ့ အသံတွေပါ ။

ဒါတင်မကသေးပါဘူး အမလေး sbd ဈေးတွေက တက်ပြန်ပြီ ။ steem ဈေးကလဲ sbd ဈေးကို မှီတော့မယ် ငါတော့ စိတ်ညစ်လှပါပြီ သေချင်ပါတယ်အေ ဆိုတာက ညည်းပါသေးတယ် ။

အဲ့တော့ ကျမသူကိုကြည့်ပြီး အတော်သနားသွားတာ ။ ညီမလေး နင့်ဟာက ဘယ်လိုတုန်းကွယ် ရှုံးလို့ ညည်းတွားနေတာဘဲလေဆိုပြီး နားထောင်ပေးမိတယ် အခုမြတ်ပြန်တော့လည်း ဝမ်းသာတယ်မပြောဘဲ သေချင်ပါတယ် ဘာညာတွေထိ စိတ်တွေညစ်ပြပြီး ညည်းတွားနေတော့ နားထောင်ပေးရတဲ့ငါက ထရိုက်ချင်လာပြီလို့  ပြောတာပေါ့ ။

အဲ့တော့သူကလဲ သူလုပ်တဲ့ ဟိုပြောင်းဒီပြောင်းနဲ့ သူရှုံးသွားတဲ့ဆင်ခြေတွေကို ပေးပြီးဖြေရှင်းပြတာပေါ့ ။ ကျမနားထောင်ပေးပါတယ် သူပြောတာနားထောင်ပေးပြီး ကျမတခွန်းထဲဘဲ သူ့ ကိုပြောပြမိပါတယ် ။ ညီမလေးလို steem စုမှာဆိုပြီး ရသမျှစုမထားဘဲ ဟိုဟိုဒီဒီပွားမလားမလုပ်ဖဲ မမလိုဘဲ နေပါတော့လို့  ပြောလိုက်တော့တယ် ။

တပတ်မှာ ၂ရက်လောက် steemit post တင်ပြီး သူ့ နောက်မှ လုပ်တဲ့ ကျမရဲ့ စတီးမစ်အကောင့်လေးကမှ ရသမျှစုထားလိုက်တာ power 100 တောင်ရောက်တော့မယ်လေ ။ ဒါတောင် ကျမဆုခဲ့ရစဉ်က steem နဲ့ sbd တွေကို သူယူသွားလို့ ပါဆို ။ ကြုံတုန်း အပြစ်ပြောရတာ တတ်နိုင်ဘူးလေ ။

ညီမလေးဒီတယောက်ထဲရှိတော့လည်း အလိုလိုက်ကြတာပါ ။ သူ့ ကို လိမ်မာစေချင်တယ် ။ အောင်မြင်စေချင်တယ်လေ ။ ကျမတို့ သားအမိက သူ့ အတွက် ကိုယ့်အရည်အချင်းဘယ်လိုမြင့်တင်မလဲ ဘက်ပေါင်းစုံကနေ သူဖြစ်လာအောင်ဝိုင်းပြီးထောက်ပံ့ လုပ်ဆောင်ပေးတဲ့ သဘောပါ ။

ဒါမှ ကျမညီမလေးအတွက် ကျမတို့ မိသားစုက စိတ်ကျေနပ်မှုတွေရမယ်
ညီမလေးရဲ့ ကြိုးစားမှုတွေအတွက်လည်း လေးစား ချစ်ခင်မှုတွေရပြီး ယုံကြည်မှုတွေနဲ့ တိုးတက်နိုင်နိုင်မယ်လေ ။

steemit မိသားစုများ မင်္ဂလာပါရှင် ။
ကျမညီမလေးလိုဘဲ ခံစားညည်းတွားနေကြတဲ့သူတွေလည်း ရှိခဲ့ရင် အားမငယ်ကြပါနဲ့ ။ ရည်ရွယ်ချက်တခုထဲကို တစိုက်မတ်မတ် လုပ်ကြပါလို့  တိုက်တွန်းလိုက်ပါတယ်ရှင် ။

received_765291456984040.png

@thetlyar

MSC 027

H2
H3
H4
3 columns
2 columns
1 column
36 Comments