တောတောင်တန်းတွေကြား

image
အလှည့်ကမကျ
အချိန်ကမရ
စီကာတန်းလဲ
မိုးမလင်းမဲ့ည
နေ့စဉ်နေ့တိုင်းစီကာတန်း
အိမ်ပြန်နောက်ကျလို့ဘာမှမဖြစ်
တင်လာအသီးများ လွှင့်ပစ်ရရင်ဖြင့်
တစ်နှစ်လောက်လစာ ပေးလျှော်လို့မှ
ကျေနိုင်ဖွယ်မရှိ
အော်လုပ်စားရတာမလွယ်တဲ့ဘဝ
ဘာတွေကြောင့်လဲ ဘယ်သူ့ကြောင့်လဲ
ရမယ်ရှာကြာတွေးကြည့်လေတော့
ခေတ်စနစ်ကို အပြစ်မတင်
အပြစ်ရှိသည်က ကိုယ်
ကိုယ့်အပြစ်နဲ့ကိုယ်မို့
ဘယ်သူ့လက်ညှီုးထိုးနေမလဲ
ကိုယ့်အဖြစ်နဲ့ကိုယ်သာ
ဖြေကာချွေးသိပ် အိပ်ခဲ့ရတဲ့
လမသာညတွေများခဲ့ပြီပေါ့
@mm7
photo - google

H2
H3
H4
3 columns
2 columns
1 column
3 Comments